ဒါတောင်အားမပါသေးဘူး
ကွန်ပြုတာစာသင်ခန်းတစ်ခုတွင် သင်တန်းဆရာက မြန်မာစာလက်ကွက် ရိုက်နည်းစသင်မည့် နေ့တနေ့တွင်….
“အားလုံး နားထောင်ပါ Microsoft Word ထဲမှာ မြန်မာစာရိုက်ဖို့ ဖောင့်ပြောင်းပြီးရင် Cap Lock Key ကိုပိတ်ရိုက်ရမယ်…ကဲစရိုက်ရအောင်။”
ထိုအချိန်တွင် နောက်ဆုံးကွန်ပြူတာတွင် ထိုင်နေသော ကျောင်းသားတစ်ယောက်ဆီမှ…
“ဖြောင်း!…” ဆိုသောအသံတစ်ခုကြားလိုက်ရာ… သင်တန်းဆရာက ထိတ်လန့်သောအသံဖြင့်…
“ဟေ့ ဟိုနောက်ဆုံးက ဘာဖြစ်တာလဲ…”ကျောင်းသားကပြန်ပြောလိုက်တာကတော့….
“ဆရာဘဲ Cap Lock Key ကို ပိတ်ရိုက်ဆိုလို့ ရိုက်လိုက်တာပါ။ ဒါတောင် အားမပါသေးပါဘူး ဆရာ။”
သားတို့လုပ်စရာမလိုတော့ဘူး
အစ်ကိုဖြစ်သူက ညီဖြစ်သူကို ကွန်ပြူတာသင်ပေးရင်း စိတ်မရှည်တော့သဖြင့် အော်၍…
“ဟေ့ကောင် Cancel လုပ်ဖို့ပြောနေတာ Cancel Cancel !!!!…”
ထိုစဉ် အိမ်ရှေ့ခန်းတွင် သတင်းစာဖတ်နေသော အဖေဖြစ်သူက…
“သားကြီးရေ ညီလေးကို အဲ့ဒီလောက်ထိ မခိုင်းပါနဲ့ကွာ မနေ့ကဘဲ မောင်ပုကို ကန်ထဲကနွံတွေရော အကုန်ဆယ်ပြီး ဆေးခိုင်းလိုက်ပြီးပြီ။”
ကုန်မှာစိုးတယ်
Microsoft Word ထဲတွင် စာလုံးများကို အရောင်ထည့်တာကို စသင်သောနေ့တွင်၊
ရိုက်ထားသောစာပိုဒ်မှ တစ်ပုဒ်စီကို အရောင်တစ်ရောင်စီထည့်ရန်
ဆရာကပြောပြီးလုပ်ခိုင်းရာ….ကျောင်းသူတစ်ယောက်မှာ စာပိုဒ်မှ စာအနည်းငယ်ကိုသာ
အရောင်ကို အနည်းငယ်စီထည့်နေတာကို ဆရာကမြင်သွားရာ
“ဟေ့ဘာလို့ အရောင်ကို စာပိုဒ်အားလုံးအတွက် မထည့်တာလဲ?” ထိုစဉ် ကျောင်းသူကပြန်ပြောလိုက်တာက
“ဆရာရယ် အရောင်တွေကုန်သွားရင် ဆရာတို့ပြန်ပဲပြန်ထည့် နေရမှာပေါ့”
စိတ်ရှည်တယ်နော်
အသက်၆၀ ကျော် အဖိုးကြီးများကိုသင်သော ကွန်ပြူတာခန်းတစ်ခုတွင် Microsoft Word ကို စသင်ရာ…
“စာပိုဒ် တစ်ပိုဒ်ပြီးရင် နောက်တပိုဒ်အတွက် Enter Key ကိုနှိပ်ပါ။
E.N.T.E.R ဆိုတဲ့ Key ပါ…Keyboard မှာအကြီးဆုံး Key
ပါ…တွေ့ပြီလားခင်ဗျာ…မတွေ့သေး
ရင်…Right Shift Key ရဲ့ အပေါ်မှာပါ…Back Space ရဲ့ အောက်မှာပါ…Keyboard ရဲ့
ညာဘက်အစွန်ဆုံး ထောင့်မှာလည်းရှိပါတယ် ခင်ဗျာ…တွေ့ပြီလား ခင်ဗျာ…”
ဒါကို အဖိုးကြီးတစ်ယောက်က Enter Key ကို လက်ညှိုး ထိုးပြပြီး…
“ဖိုးသား ဒါကိုနှိပ်ရမှာ လားဟင်…”
စာသင်တဲ့သူက…
“ဟုတ်တယ် အဲ့ဒါကို နှိပ်ရမှာ…ကဲ!!!ဖြောင်းဖြောင်းဖြောင်း!!!”
No comments:
Post a Comment
>>>မိတ်ဆွေရဲ့ ထင်မြင်ချက်လေးကို ရေးသွားနိုင်ပါတယ်<<<
>>>မိတ်ဆွေ၏ဝေဖန်မှု့သည်ရိုင်းစိုင်းမှု့များမပါလျှင်ဖော်ပြပေးသွားပါမည်<<<