Tuesday, 18 March 2014
မြန်မာပြည်ရဲ့ ပထမဆုံး Sexiest & Hottest Party ပွဲက Sexy အဓိပ္ပာယ်ကို ဘယ်လိုဖွင့်လဲ (ရုပ်/သံ)
Sexy ဆိုတာ ဘာလဲ။ စက်ဆီကျတယ်ဆိုတာ မြန်မာတွေ ဘယ်လိုနားလည်ထားကြသလဲ။ ဒီစကားလုံးကို အဓိပ္ပာယ်ဖွင့်နေတာ လွဲမှားနေတာကို ပြန်တည့်မတ်ချင်လို့ မြန်မာပြည်ရဲ့ ပထမဆုံး Sexiest & Hottest Party ကို ရန်ကုန်မှာ ကျင်းပခဲ့ပါပြီ။
လိင်ပိုင်းဆိုင်ရာ အသားပေးတာမဟုတ်ဘဲ တခြာ်းရှုထောင့်ကနေကြည့်ပြီး လေးနက်တဲ့ အဓိပ္ပာယ်တွေလည်း ရှိတာကြောင့် လူငယ်တွေကို ပျော်စေချင်တဲ့စိတ်နဲ့ ကျင်းပတာပါလို့ ကိုဇော်လင်းနိုင်က ဆိုပါတယ်။
ပူအိုက်တဲ့ နွေရာသီလိုကာလမှာ ဒီလို Sexy ပါတီမျိုးတွေ နိုင်ငံတကာမှာ ကျင်းပလေ့ရှိ တာကြောင့် မြန်မာနိုင်ငံ ကလည်း ဂလိုဘယ်ခေတ်ကြီးထဲမှာ စီးမျောနေပြီလို့ အဆိုတော် ဇင်းဇင်းက ဆိုပြန်ပါတယ်။ Sexy ဆိုတဲ့စကားလုံး လူတိုင်းမှာရှိသင့်ပါသတဲ့။
မြရိပ်ညိုဟိုတယ် Gossip Bar မှာ မတ်လ ၁၅ရက်နေ့ညနေက ကျင်းပခဲ့တဲ့ ဒီ ပါတီပွဲကို BBH Production က ဦးစီးစီစဉ်တာဖြစ်ပြီး အဆိုတော် အားတီနဲ့ ဇင်းဇင်းရဲ့ ဖျော်ဖြေမှုတွေနဲ့ တင်ဆက်ခဲ့သလို မော်ဒယ်တွေ လည်း ပူးပေါင်းပါဝင် ဖျော်ဖြေခဲ့ကြပါတယ်။
Kamayut Media
မှတ်ချက်...အဆင်ပြေရင်(Like)တစ်ချက်အားပေးလိုက်ပါနော်
(forward)မှကူယူဖော်ပြပါသည်။လည်ပါတ်ချင်တယ်ဆိုရင်တော့ဒီမှာ
Labels:
ဖတ်ရှု့စရာများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment
>>>မိတ်ဆွေရဲ့ ထင်မြင်ချက်လေးကို ရေးသွားနိုင်ပါတယ်<<<
>>>မိတ်ဆွေ၏ဝေဖန်မှု့သည်ရိုင်းစိုင်းမှု့များမပါလျှင်ဖော်ပြပေးသွားပါမည်<<<